လူထုအခြေပြုဗဟိုဌာန (ဗဟန်း) (Community Centre) တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 25,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးက စီစဉ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အပြည်အဝ ရရှိနိုင် ရန်နှင့်အခွင့်အရေးများအပေါ် အသိအမှတ်ပြု နာလည်လက်ခံသည့်စနစ်များ၊ ဖွဲ့စည်းပုံများ၊ လုပ်ထုံးလုပ်နည်းများနှင့် အကောင်အထည်ဖော်မှုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများ ပိုမိုသိရှိနားလည်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လူမူရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။