သတင်းများ

ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
နမ့်ဆန်၌ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီဖွဲ့စည်းခြင်း အစည်အဝေးကျင်းပ
Feb 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၌ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။
ရေးမြို့နယ်၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 25,2020
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သမိုင်းဝင်အညာသီဟတော ရွှေဆင်းတုတော် (၃၂) ကြိမ်မြောက် ဒေသစာရီကြွချီအပူဇော်ခံမည်
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အတွင်း၌ တည်ရှိသော သမိုင်းဝင် အညာသီဟတော ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၁၀) ရက် (၃-၃-၂၀၂၀) ရက်နေ့မှ တပေါင်းလပြည့်နေ့ (၈-၃-၂၀၂၀) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား အသိပညာပေး ဟောပြောပွဲကို ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်း ကစ၍ ကျေးရွာများအရောက် သွားရောက်ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံ​မြို့၌ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ (အခမဲ့) သင်တန်းဖွင့်
Feb 25,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့)သင်တန်း” ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
စဉ့်ကူးမြို့နယ် မင်းရွာကျေးရွာတွင် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော "ကျေးလက် ဒေသ ဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို မင်းရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာ ရွာလယ်(ဓမ္မာရုံ) တွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်ပပြုသွားမည်ဖြစ်ကြောင်း သိရသည်။