သတင်းများ

မအူပင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၆)ခုတွင် ကျင်းပမည်
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်း၌ ယခုနှစ်မတ်လတွင် ကျင်းပမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၇၇)ဦး ဝင်ရောက် ဖြေဆိုရန် လျှောက်ထားခဲ့ကြပြီး စာမေးပွဲကို မြို့ပေါ်စာစစ်ဌာန(၅)ခု၊ ကျေးရွာ စာစစ်ဌာန(၁၁)ခုဖြင့် စာစစ်ဌာန(၁၆)ခုတွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
စာပေချစ်သူများ(Book Club)စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Feb 25,2020
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်သူ အချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီးစာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာမ ဒေါက်တာ မတင်ဝင်း၏ “အလုပ်ဆိုတာအင်အားပါ’’ စာအုပ်ဖြင့် ယနေ့နံနက်ကဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြု လုပ်သည်။
မြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ(၇၁.၅၂)ရာခိုင်နှုန်းကျော် ပြန်လည် ပေးဆပ်ပြီးဖြစ်
Feb 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေများ ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ချေးငွေအားလုံး၏(၇၁.၅၂)ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး၏ ပြောကြားချက်အရ သိရသည်။
ဟင်္သာတမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် ဦးအောင်လှလမ်းတွင် ယမန်နေ့ည ၈ နာရီ မိနစ် ၄၀ ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးမှဦးစီးကျင်းပသော သီးနှံများ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ခရိုင်စိုက်ပျိုးရေးရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲ ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် “ယခုလို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသွားမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်း၊ မိမိလေ့လာမှတ်သားရသမျှကို မိမိဒေသရှိ စိုက်ပျိုးသီးနှံများအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်စနစ် မှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၆၉၂၄ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိ
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အဋ္ဌမတန်းနှင့် စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၉၂၄ဦး ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို အမှိုက်‌ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး တွေ့ဆုံဆွေးနွေး
Feb 25,2020
ခရီးသွားလာမှုများပြီး လူနေထူထပ်သည့် မြိတ်မြို့၌ အမှိုက်များကို စနစ်တကျ အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထများရရှိရေး ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်များတွင် အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်ရန် အမှိုက်ပုံးသတ်မှတ်ချက်များ ထားရှိရန် စည်ပင်သာယာရေး ကော်မတီ ရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက စည်ပင်သာယာရေးကော်မတီနှင့် စားသောက်ဆိုင်ပိုင်ရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မင်းသုဝဏ် ဖောင်ဒေးရှင်းမှ ဖိုးကြာဇံခန်းမ (Community Centre)တွင် အခမဲ့အခြေခံ ကွန်ပျူတာ သင်တန်းဖွင့်လှစ်
Feb 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မင်းသုဝဏ်ဖောင်ဒေးရှင်းမှ အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မနက်(၉)နာရီက ထန်းတောကျေးရွာ မြို့ဦးထိပ်ရှိ ဖိုးကြာဇံခန်းမ (Community Centre)တွင်ကျင်းပခဲ့သည်။