အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း မောက်မယ်၌ ဖွင့်လှစ်
Feb 25,2020
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုနိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။