သတင်းများ

မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲကျင်းပ
Feb 24,2020
မန္တလေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာ လက်ဖက်စာတမ်းဖတ်ပွဲဖွင့်ပွဲကို မန္တလေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
နန်းယွန်းမြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆွေးနွေးခြင်းဆောင်ရွက်
Feb 24,2020
ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်၍ နန်းယွန်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်စုပေါင်းရုံး ခန်းမ၌ ဆောင်ရွက်သည်။
ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ သံဖြူဇရပ်တွင် ဒုတိယအကြိမ် ကျင်းပ
Feb 24,2020
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့နယ်တွင် ပြည်သူပူးပေါင်းပါဝင်သည့် မြို့နယ်စီမံကိန်း ရေးဆွဲခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ မွန်ဓမ္မာရုံခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဒေါက်တာ သိန်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး UNDP မှ မြို့နယ်တာဝန်ခံ ဒေါ်နှင်းနုရည်က ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း UNDP မှ ပူးပေါင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်း ဆွေးနွေးသည်။
မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်လှစ်
Feb 24,2020
အာဆီယံ - ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူးတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးခရိုင်ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ပုလဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်
Feb 24,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှစတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈)ခု၌ ကျောင်း သား၊ ကျောင်းသူ ၃၅၀၀ ကျော် ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ဦးမြို့မဈေးအတွင်း ငါးကြီးခြောက်သားများ စစ်ဆေး
Feb 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးတင်မှ ငါးကြီးခြောက်သားများ ဝယ်ယူလာရာ ငါးကြီးခြောက်သားများမှာ ပုံမှန်ငါးကြီးခြောက်သားများနှင့်မတူဘဲ ထူးခြားနေသဖြင့် မြို့နယ်သို့အကြောင်းကြားခဲ့ရာ မြို့နယ်မှတာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက မြို့မဈေးအတွင်းရှိ ငါးကြီးခြောက်အရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ်အတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာသည့် ယာဉ်များအား ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်
Feb 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အတွင်းရှိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးနှင့် ထော်လာဂျီများ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီအဖွဲ့မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစတင်ပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ဟိုခုံကျောင်းတိုက် သာသနာ့ဗိမာန်တော်သစ် တည်ဆောက်နေမှုအား ပြည်သူများ လုပ်အားဒါနကုသိုလ်ပြု
Feb 24,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟိုခုံကျောင်းတိုက်တွင် သာသနာ့ဗိမာန်တော်သစ် တည်ဆောက်နေမှုအား ဒေသခံပြည်သူများသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စုပေါင်းလုပ်အားဒါနကုသိုလ်ပြု ခဲ့ကြသည်။