ဟိုပင်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ဟိုပင် ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အ.လ.က ခွဲ အရှေ့ကွက်သစ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေ က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ  မီးဘေး၊  ရေဘေး၊ မိုးကြိုးဘေးနှင့် ငလျှင်ဘေးစသည့် ဘေးအန္တရာယ် ၈ မျိုးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် Coronavirus အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ပြောကြားပြီး အ.လ.က ခွဲ အရှေ့ကွက်သစ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချို၀င်းကြည်က   အသိပညာပေး ဟောပြောပွဲများ  ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း  ပြန်လည် ပြောကြားခဲ့သည်။         

ဆက်လက်၍ ဟောပြောပွဲတွင် ဦးစီးမှူး ဒေါ်တိုးတိုးမေက ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ  ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူ  ၁၉၆ ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ရွှေနဒီ နံရံကပ်စာစောင်၊ စာအုပ်စာစောင်များနှင့် ဓါတ်ပုံပြပွဲတို့ကို  ကြည့်ရှုအားပေးခဲ့ကြ ကြောင်း  သိရသည်။

တိုးတိုးမေ-ဟိုပင်