မိုးနဲမြို့ ကွန်နားကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန်တည်ဆောက်
Feb 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနေ ပြည်သူများ နွေရာသီရေးရှားပါမှု မရှိစေရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ရေစုကန် တည်ဆောက်ပေးခြင်းကို ရွှေမိုးနဲဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။