စေတုတ္တရာ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ခြင်ပြစ်ကိုင်းကျေးရွာ၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာ ပေးခြင်းကို ယနေ့နံနက်၁၀နာရီအချိန်ကကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းမင်းဇင်က ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိဦးဌေးလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ထို့နောက်အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသုံးပြုပုံ၊ အသုံးပြုနည်းများအားရှင်းလင်းပြသပေးပြီး တက်ရောက်လာသောပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းလက်တွေ့သရုပ်ပြခြင်းကို ကျန်ရှိနေသည့်ရပ်ကွက်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အရာရှိထံမှသိရသည်။
ဆန်းကိုကို(ပြန်/ဆက်)