တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တောင်ဥက္ကလာ ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ယမန်နေ့ညနေပိုင်းအချိန်က ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အင်းစိန်ခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် အလုံခရိုင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြပြီး အင်းစိန်ခရိုင်အမျိုးသမီးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပြိုင်ပွဲ ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနား ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းကစားသမားဆုနှင့် အကောင်းဆုံးရှေ့တန်းကစားသမားဆုများအား  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသောအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှလည်းကောင်း၊ ဒုတိယဆုရရှိသော အလုံခရိုင်အသင်းအား ရန်ကုန်တိုင်း​​ဒေသကြီး စည်ပင်သာယာရေးရာဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း၊ ပထမဆုရရှိသော အင်းစိန်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုများရရှိခဲ့သောအသင်းများကိုလည်း သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအသီးသီမှ ထပ်ဆောင်းချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)