သတင်းများ

ဖျာပုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်၌ ဖျာပုံမြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။
ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ (၃၁) ရက်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများဆောင်ရွက်
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ထားဝယ်မှိုင်းကျေးရွာအုပ်စု၊ ထားဝယ်မှိုင်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရပ်စောက်မြို့၌ ဂျီအီးစီ (ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနား ကျင်းပ
Sep 01,2025
ရပ်စောက်မြို့နယ် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ)သမဝါယမအသင်းလီမိတတ်၏ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် ရပ်စောက်မြို့နယ် ကျောက်စိမ်းခန်းမတွင် ကျင်းပရာ အသင်းသားဦးရေ (၉၁၂) ဦးဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ သဘာဝမြေဩဇာပြုလုပ်နည်း သရုပ်ပြသမှုအား ကြည့်ရှုအားပေး၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 01,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပျဉ်းမနား- တောင်ညို လမ်းမကြီးဘေးတွင် မြေပဲရိုး၊ နှမ်းရိုးတို့ဖြင့် သဘာဝမြေသြဇာပြုလုပ်နည်း သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးကာ တောင်သူများအား သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းကို တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို မှာကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေများပေးအပ်
Sep 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာသူများအား ယမန်နေ့နံနက် (၁၀) နာရီက မြသိန်းတန်ဓမ္မာရုံ၌ နိုင်ငံ‌တော်မှ ထောက်ပံ့ငွေများ ပေးအပ်‌ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် (က) ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်
Sep 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က) ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်တံခွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် သီရိမင်္ဂလာရပ်ကွက်နှင့် သီရိပစ္စယာရပ်ကွက်တို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးမှု ဆောင်ရွက်
Sep 01,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည်၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၁ ရက် နံနက် ၉ နာရီတွင်လည်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။