သတင်းများ

မိုင်းယန်းမြို့၌ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Sep 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရှိရာ ယမန်နေ့ ည ၇ နာရီက ပါမိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပသည်။
မိုးနဲမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အာဟာရဒါနကျွေးမွေး
Sep 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းလွန်ကျောင်း (တုမ်မို)၌ အာဟာရဒါနကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က နားလင်းကျေးရွာရှိ အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုး၊ ညံတောအင်း၊ မကြီးကုန်း၊ ဘော်မြင့်၊ ကျောက်ဆောင်စမ်း၊ ဝါးရှိကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ
Sep 01,2025
မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာန၏ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်မီးသတ်စခန်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျောက်ဖြူမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Sep 01,2025
ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်လနောက်ဆုံးပတ်က ကျောက်ဖြူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြကွင်းဆင်းဆောင်ရွက်
Sep 01,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထ‌‌ရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ ဟဲယာရွာမကျေးရွာအုပ်စု၊ သီရိမင်္ဂလာရှေ့ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။