သတင်းများ

လေရှီးမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များတွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2025
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီမှ ၄၅ မိနစ်အထိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်း ဖွင့်လှစ်
Sep 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကူကြီးဘုရားဓမ္မာရုံ၌ ကျင်းပသည်။
အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ တွေ့ဆုံ
Sep 01,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေသည် ယနေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများဖြင့် တွေ့ဆုံပွဲကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ စီမံကိန်းရပ်ကွက်နေ ပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်အား ယနေ့နံနက် ၁၀ နာရီအချိန်က ရန်မျိုးအောင်စေတီတော် မဟာဓမ္မပါလဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ် သာဇီကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်(၁၈)လုံး ပျက်စီးကာ လူတစ်ဦး ချောင်းရေမျောပါပျောက်ဆုံး
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီမှ စက်တင်ဘာလ ၁ ရက် နံနက် ၅ နာရီခန့်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီခန့်တွင် သာဇီကျေးရွာအနီး ငဝတ်ချောင်းရေကြီးရေလျှံမှုကြောင့် ‌ချောင်းအနီးရှိ လူနေအိမ် ၁၈ လုံး၊ နွားလှည်းနှစ်စီး၊ စပါးကျီနှစ်လုံးနှင့် စပါးတင်း၂၂၀ ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့သည်။
စေတုတ္တရာမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲခန်းမ၌ ကျင်းပခဲ့သည်။
 ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Sep 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း အသိပညာပေးအခမ်းအနား ကျင်းပ
Sep 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်အသုံးပြုပြီး မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် အသိပညာပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။