ပုသိမ်ကြီးမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာများကို အသိပေးပြောကြားခဲ့ပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခင်စောယုသင်းက မဲပေးစက်အကြောင်းအား လက်တွေ့ရှင်းလင်းပြသကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)