သတင်းများ

တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စုတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 01,2025
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/ ၂၀၂၅) ဖွင့်လှစ်
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကိုအခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးခြင်းကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက ကော့သောင်းမြို့အောင်သုခရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ပြုလုပ်သည်။
ဇလွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ
Sep 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် တပ်မောက်ကျေးရွာအုပ်စုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး
Sep 01,2025
 ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် တပ်မောက်ကျေးရွာအုပ်စုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို သြဂုတ်လ ၃၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ကံမမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 01,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပရာ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကိုယ်စားပြု ဘောလုံးအသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ ကျင်းပ
Sep 01,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။