သတင်းများ

သာကေတမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း​နှင့် လက်တွေစမ်းသပ်မဲပေးခြင်းအစီအစဉ် ကျင်းပ
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ Rover ဖူဆယ်အားကစားကွင်း၌ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မဲဆန္ဒရှင် ဆရာ၊ ဆရာမများ၊ ဒီဂရီကောလိပ်အဆင့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အခြေခံရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်
Sep 01,2025
ကရင်ပြည်နယ် ဘားအံမြို့၌ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ထိရောက်မြန်ဆန်စွာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်စေရန်၊ ရေပြင်အသက်ကယ်နည်းနှင့် အသက်ကယ်စက်လှေများ မောင်းနှင်တတ်စေရန်ရည်ရွယ်၍ အခြေခံရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တောင်ငူမြို့နယ်၌ ရေဘေးရှောင်စခန်း(၁၆)ခု ဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိ
Sep 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဩဂုတ် ၃၀ ရက်နေ့မှစတင်၍ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့ပြီး တောင်ငူမြို့၊ မြေနိမ့်ပိုင်းများရှိ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်များနှင့် မြစ်ကမ်းဘေးကျေးရွာများတွင် မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
မှော်ဘီမြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မြောင်းတ ကာကျေးရွာအုပ်စု၊ ရိုးဝကျေးရွာတွင် ကျင်းပခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယို clip ပြသခြင်းဆောင်ရွက်
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယို clip ပြသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ၌ အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင် ကျင်းပပြု လုပ်သည်။
မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံ ကန်ရေပြည့်မှတ် ၉ ဒသမ ၂၇ ပေကျန်ရှိ
Sep 01,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၇၈၀၅၇၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၀ ဒသမ ၇၃ ပေရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Sep 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက အ.မ.က(၂၀)မူလွန်ကျောင်းနှင့်အ.လ.က(၅)ကျောင်းတွင်ဆောင်ရွက်‌ခဲ့‌ကြောင်းသိရသည်။