သတင်းများ

ကျောက်ဆည်မြို့နယ်တွင် အသက် (၂) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေး
Sep 02,2025
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁ ရက်နေ့နံနက်ပိုင်းက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ပလတ်စတစ်သုံးစွဲမှု လျော့နည်းပပျောက်စေရန် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 02,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စပါးစိုက်ယာမြေများအား လယ်မြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 02,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် စိုးစံ(ကိုယ်ပိုင်အထက်တန်း‌ကျောင်း) Main Ballroomခန်းမ၌ ကျင်းပခဲ့သည်။
အိမ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီရောင်းချရေး စစ်ဆေးပညာပေး
Sep 02,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပညာပေးခြင်းကို စက်တင်ဘာ၁ရက် မွန်းလွဲ၂နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 02,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာပေဖတ်ရှုခြင်းမှ ဗဟုသုတနှင့် အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်၊ မြို့မဈေးအတွင်း၌ အပတ်စဉ်တနင်္လာ‌နေ့တိုင်း ပလတ်တစ်/ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုများ ဆောင်ရွက်
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ဈေးအတွင်း၌ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ အပတ်စဉ်‌တနင်္လာနေ့တိုင်း ပလတ်စတစ်/ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ (Monday Stop) လှုပ်ရှားမှုအဖြစ် အင်ဖက်များဖြန့်ဝေခြင်း၊ Recycle Bag များဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Sep 02,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ တောင်သူများအား   သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ညောင်ပင်ကြီးစုကျေးရွာဓမ္မာရုံ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြသည်။