သတင်းများ

ကျောက်ပန်းတောင်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး
Sep 02,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ ၁ ရက် မွန်းလွဲ၃နာရီက လွတ်လပ်ရေးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဆွမ်းလောင်းဓမ္မာရုံတွင်  ပြုလုပ်သည်။
ညောင်ရွှေမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ကျင်းပ
Sep 02,2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)ကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကျီးပြကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ကျီးပြကျေးရွာတွင် စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဘားအံမြို့ရှိ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 
Sep 02,2025
ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းပြုလုပ်သည့် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဘားအံမြို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမဆောင်၌ စက်တင်ဘာ ၁ ရက်မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ကျိုင်းတုံမြို့၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်
Sep 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ ပြည်သူများသို့  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ကအမှတ်(၅)ရပ်ကွက်ရှိ စုဖူးမားရပ်၊  ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး လက်တွေ့စမ်းသပ်
Sep 02,2025
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်  ၉ နာရီခွဲက သံလျက်မော်တောင်ရပ်ကွက်၊  ဒေါနသုခလူမှုကူညီရေးအသင်းရုံး၌ ကျင်းပသည်။         
ထားဝယ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Sep 01,2025
အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပရာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတစ်ပြိုင်တည်းဆောင်ရွက်ရသည့်အတွက် မီးငြှိမ်းသတ်ရေးလုပ်ငန်းအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ကျွမ်းကျင်တက်မြောက်စေရန် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။