ကံမမြို့နယ် သာဇီကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်(၁၈)လုံး ပျက်စီးကာ လူတစ်ဦး ချောင်းရေမျောပါပျောက်ဆုံး

 ကံမ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီမှ စက်တင်ဘာလ ၁ ရက် နံနက် ၅ နာရီခန့်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက် ၇ နာရီခန့်တွင် သာဇီကျေးရွာအနီး ငဝတ်ချောင်းရေကြီးရေလျှံမှုကြောင့် ‌ချောင်းအနီးရှိ လူနေအိမ် ၁၈ လုံး နွားလှည်းနှစ်စီး၊ စပါးကျီနှစ်လုံးနှင့် စပါးတင်း၂၂၀ ချောင်းရေနှင့်အတူ မျောပါပျက်စီးခဲ့သည်။

ထို့ပြင် လူခုနစ်ဦးမှာလည်း ချောင်းရေနှင့်မျောပါသွားသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ (၆) ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး (၁) ဦးမှာပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်။

အဆိုပါနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)