သတင်းများ

မင်းဘူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းပူးဦးသြဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 02,2025
မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း‌ကျောင်း ပန်းဟေ၀န် ခန်းမ၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့တွင် ကျင်းပသည့် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲနှင့် ထီလာမောင်ဖလားအမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်အားပေး
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့တွင် နှစ်စဉ်ကျင်းပသည့် သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော် (၁၄၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို မြို့မ ရပ်ကွက် မိတ္ထီလာကန်တွင် ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ MCCT အာဟာရ အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပ
Sep 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသော (MCCT) အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။
မိုးနဲမြို့နယ်၌ ယာစပါးမျိုးသန့်ပွားစိုက်ခင်းအတွင်း မြေဩဇာကြဲပက်
Sep 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ ခု ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းအတွင်း သွင်းအားစုအဖြစ် သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဝမ်ဟေကျေးရွာနေ တောင်သူ ဦးလုံးဆော၏ ယာစပါးမျိုးသန့်ပွားစိုက်ခင်းနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း အသိပညာပေးဟောပြော
Sep 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း နေထိုင်သူများအနေဖြင့် မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့၌ “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူဖွင့်ပွဲ ပြုလုပ်
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ညနေ ၃ နာရီအချိန်က  မင်းဘူးမြို့ ကျွဲသိုးမြောင်ကျေးရွာ ဧရာဝတီမြစ်ကူး တံတားထိပ်၊ မင်းဘူး-မကွေး ကားလမ်းမကြီးဘေးတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူဖွင့်ပွဲ  ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မိတ္ထီလာခရိုင် စိုက်ပျိုးရေး၊ MSME လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 02,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။