သတင်းများ

စေတုတ္တရာမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များကိုပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးရုံး၌ ထိုးပေးလျက်ရှိသည်။
ကံမမြို့နယ်၌ ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ  တက်ရောက်ခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေး
Sep 02,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက်(၆)လမှ (၁)နှစ်အထိ ကလေးငယ်များအား ကူးစက်ရောဂါတို့မှကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ဥတ္တရသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Sep 02,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌၊ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
လဲချားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေး ကွင်းဆင်းဆောင်ရွက်
Sep 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေးအတွက် ယမန်နေ့တွင်ဝမ်လေကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)နှင့် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 02,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT)နှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ တွေ့ဆုံ‌ဆွေးနွေးပွဲကျင်းပ
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအား ယမန်နေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ်အတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမြို့နယ်အဆင့်ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးဟောပြောသရုပ်ပြသ
Sep 02,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား၊ မြန်မာ​အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း၊အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။