သတင်းများ

ညောင်ဦးခရိုင်၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများအကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်လက်တွေ့အသုံးပြုပုံများအကြောင်း မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်‌စေရန် ရည်ရွယ်၍ မြို့‌နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်၍ စစ်ကိုင်း- မန်းလမ်း၊ ၇၈လမ်း၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ မြတ်စောညီနောင် ဓမ္မာရုံအတွင်း (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
ပိုင်ကျုံမြို့ မူ (လွန်) မဲပရကျောင်း၌ ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 02,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုရှိ မူ (လွန်) မဲပရကျောင်း၌ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ကျောင်းသားလူငယ်များတို့မှ အသိပညာရရှိရန် ရည်ရွယ်၍ စက်တင်ဘာ ၁ ရက်နေ့က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။   
မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်  လက်တွေ့စမ်းသပ်မဲပေး
Sep 02,2025
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၂ ရက်က သံလျှက်မှော်အနောက်ရပ်ကွက် ရန်မျိုးလုံပေါ်တော်မူဘုရားဗိမာန်တော်နှင့် စိန်ပန်းရပ်ကွက် စိန်ပန်းအားကစားရုံတို့၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမနှင့် မြေစိုက်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Sep 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် မြေစိုက်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၂ ရက်နေ့ နံနက် (၉) နာရီအချိန်မှ စ၍ပြသထားရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/သူများအား အာဟာရအစားအစာများ တိုက်ကျွေး
Sep 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/သူများအား အာဟာရအစားအစာများကို ယနေ့နံနက် ၁၁ နာရီ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ခွဲ)ကျောင်း၊ နီလာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်လှစ်
Sep 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီက ကျွန်းစုမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သည်။