မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းပျဉ်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ခွဲ)ကျောင်း၊ နီလာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေးဆောင်ရွက်ကြရာ Grade-8 မှ မစုစန္ဒီမောင်က “လူငယ်နှင့်ကိုယ်ကျင့်တရား”၊ Grade-11 မှ မောင်ခန့်‌ကျော်ခိုင်က “လူငယ်နှင့်နည်းပညာ”၊ Grade-8 မှ စုစန္ဒီ‌ကျော်က “လူငယ်နှင့်ကျန်းမာရေး”နှင့် Grade-10 မှ မောင်အာကာမိုးမြင့်က “လူငယ်နှင့်စာဖတ်ခြင်း” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူ(၄)ဦးက ပြန်လည်ဖြေကြားဆွေးနွေးကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)