ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများသည့်အတွက် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး ကိုင်း၊ ကျွန်းမြေများ၌လည်း ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံမျိုးစုံ စိုက်ပျိုးကြရာ တံတားလည်ရပ်ကွက်တွင် စိုက်ပျိုးထားသော သံပယိုအပင်များ သီးအားကောင်းပြီး နေ့စဉ်ခူးဆွတ်၍ ရောင်းချခြင်းဖြင့် သံပယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သံပုယိုစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ “တစ်နှစ်သက်တမ်းရှိ သံပယိုပင်တစ်ပင်ကို တစ်ထောင်ကျပ်နှင့် ဝယ်ယူပြီး စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာ၌ လေဝင်လေထွက် ကောင်းစေရန်နှင့် အသီးများ အရောင်အသွေးကောင်းစေရန်အတွက် တစ်ပင်နဲ့တစ်ပင် (၁၈) ပေခြားပြီး အတန်းလိုက် စိုက်ပျိုးထားကြောင်း၊ အပင်ငယ်ချိန်၌ ဝင်ငွေရရှိရေး ကာလတိုသီးနှံများဖြစ်သည့် နံနံပင်၊ ချဉ်ပေါင်ပင်များကို သံပုယိုပင်တန်းများကြားတွင် သီးညှပ်စိုက်ပျိုးနုတ်ယူရောင်းချပြီး ပေါင်းမြက်များရှင်းလင်းရေး ပေါင်းပေါက်ခြင်း၊ ကြားထွန်ထွန်ခြင်းများ ပြုလုပ်ပေး၍ မြေဩဇာများထည့်သွင်းကာ ရေသွင်းပေးခြင်းနှင့်မလိုအပ်သည့် ကိုင်းများဖယ်ရှားရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။
အပင်သက်တမ်း သုံးနှစ်အရွယ်တွင် အသီးများ စတင်ခူးခွတ်ရောင်းချရကြောင်း၊ အပင်(၁၀၀) စိုက်ပျိုးထားပါက စတင်ခူးဆွတ်ချိန်၌ တစ်ကြိမ်ဆွတ်ခူးပါကအလုံး၅၀၀ခန့် ခူးဆွတ်ရောင်းချရပါပြီး မိုးရာသီးတွင် အသီးများပို၍ ခူးဆွတ်ရောင်းချရကြောင်း သံပယိုခြံပိုင်ရှင် ဦးထွန်းညိုမှ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)