ချောင်းဦးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ငွေပေးအပ်

ချောင်းဦး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အနော်ရထာခန်းမ၌ စက်တင်ဘာ ၁ ရက်နေ့ နံနက်၁၁နာရီအချိန်က လတ်တလောအကြမ်းဖက်မှု ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွါလာသည့်  ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးသာ၊ အတွင်းရေးမှူး ရဲမှူးမြင့်သောင်းတို့မှ ယာယီနေရပ်စွန့်ခွာလာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ ယာယီနေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံရေးအတွက် လိုအပ်ချက်များမေးမြန်းကာ ဖြည့်ဆည်းပေးသည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (/၂၀၂၅)(/၂၀၂၅)(/၂၀၂၅)လများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ခြောက်သောင်းစီပေးအပ်ခဲ့သည်။

လတ်တလော ယာယီနေရပ်စွန့်ခွာလာရသည့် ကင်မွန်းတော်ကျေးရွာနှင့် ကံဇီးကျေးရွာမှ ပြည်သူများ၊ ပင်လယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း အိမ်ထောင်စု ၁၁၂ စု၊ ပြည်သူ ၄၅၂ ဦးအား တစ်ဦးလျှင် သုံးလစာ ကျပ်ခြောက်သောင်းနှုန်းဖြင့် ငွေကျပ်သိန်း ၂၇၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)