ကန့်ဘလူမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းပေါင်းစုံ (ကိုယ်ပိုင်ကျောင်းများအပါအဝင်) အားကစားပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်ညနေ ၄ နာရီက မြို့မအားကစားကွင်း (ဘောလုံးကွင်း) ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှားစကားပြောကြားသည်။

ထို့နောက် ဘောလုံးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်အသင်း ခုနှစ်သင်းကို အုပ်စု နှစ်စုခွဲ၍ အုပ်စု (A) မှ အ.ထ.က (၁) နှင့် သူရိန်နန်းအသင်းတို့ ယှဥ်ပြိုင်ကြရာ အ.ထ.က (၁) အသင်းက သူရိန်နန်းအသင်းကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။

အဆိုပါကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ဘောလုံး (ကျား)၊ ဘော်လီဘော (ကျား)၊ ပိုက်ကျော်ခြင်း (ကျား) ၊ ဖူဆယ် (ကျား/မ) ၊ ပြေးခုန်ပစ် (ကျား/မ) နှင့်စားပွဲတင်တင်းနစ် (ကျား/မ) ပြိုင်ပွဲများ ကို စက်တင်ဘာ ၁ ရက်မှ ၉ ရက်အထိ သက်ဆိုင်ရာ နေရာအသီးသီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)