ဘားအံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard များ စိုက်ထူ
Sep 04,2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ် (Billboard) စိုက်ထူခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့က ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ၊ အမှတ် (၂) ရပ်ကွက် ရွှေရင်မျှော်သံလွင်မြစ်ကူး စက်လှေဆိပ်၊ အမှတ်(၇) ရပ်ကွက် ကမ်းနားလမ်းနှင့် စောစံစီဖိုးလမ်းထောင့်အနီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့နှင့် အမှတ် (၈) ရပ်ကွက် ကမ်းနားလမ်း အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။