သတင်းများ

မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်၌ (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြ
Sep 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက် ချမ်းသာကြီးဘုန်းကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်းကို သရုပ်ပြခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ကျင်းပ
Sep 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
Sep 04,2025
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံပွဲအခမ်းအနားအကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်များအလိုက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကကဏ္ဍကြီးဖြစ်သည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍတို့ကို အထူးအလေးထားဆောင်ရွက်ကြရမည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ရန်ပုံငွေများကို ချထားဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နှစ်စဉ်ချထားပေးသည့် နိုင်ငံတော်ရန်ပုံငွေများကို အကျိုးရှိစွာဖြင့် အသုံးချပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးလွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားမှုများ မရှိစေရေးကြိုတင်ဆောင်ရွက်ထားကြရမှာဖြစ်ပြီး ဌာနဆိုင်ရာများ၏ မြေပိုင်ဆိုင်မှုလုပ်ငန်းများကိုလည်း နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ဌာနများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ကဏ္ဍအလိုက် ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားသည်။
စလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေးသရုပ်ပြ
Sep 04,2025
မကွေးတိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၊ မဲဆန္ဒရှင်ပြည်သူများရွေးကောက်ပွဲတွင် အသုံးပြုမည့်၊ မြန်မာအီလက်ထရောနစ်မဲပေးစက်  (MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အသိပညာပေးလုပ်ငန်းကို၊ ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ နံနက် ၉ နာရီနှင့် ၁၀ နာရီတို့တွင် နှစ်ပိုင်းခွဲ၍ ဆဋ္ဌမနေ့မြောက်နေ့အဖြစ် ဆောင်ရွက်ခဲ့သည်။
ဝေါမြို့၌ ပဲခူးစစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Sep 04,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတပေါများ ကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ဝေါမြို့ ပဲခူး -စစ်တောင်းတူးမြောင်းတံတားအနီးတွင် ကျင်းပကြောင်း သိရသည်။
အ.ထ.က(နမ့်စန်)တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စက်တင်ဘာလ(၇)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းလေထုနေ့ (International Day of Clean Air For Blue Skies) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၂၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
နမ့်စန်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်လူရွေးပွဲကျင်းပ
Sep 04,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့် ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီကစတင်၍ အမှတ်(၅)ရပ်ကွက် မြို့နယ်အားကစားကွင်းနှင့်  အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)ကျောင်းအားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေး
Sep 04,2025
ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဗလခန်းမ၌ ယနေ့နံနက်ပိုင်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။