သတင်းများ

ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးလက်တွေ့စမ်းသပ်
Sep 04,2025
လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၁)ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက   အေးငြိမ်းပြည်ကျော် ဓမ္မာရုံ၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်း‌‌သော‌‌ လေထုနေ့အထိမ်းအမှတ် အသိပညာပေး 
Sep 04,2025
၂၀၂၅ခုနှစ် စက်တင်ဘာ၇ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်း‌‌သော‌‌ လေထုနေ့(International Day of Clean Air For Blue Skies) အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက “လေထုအရည်အသွေးကောင်းမွန်ဖို့ အရှိန်မြှင့်တင်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ အမှတ်(၁)‌ အခြေခံပညာ အထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပသည်။
အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝယုံကြည်
Sep 04,2025
‎မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးသရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် Y Mandalay Hotel ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊  တိုင်းဒေသကြီးတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးသန်း‌အောင်ကျော်၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးသို့ တက်ရောက်
Sep 04,2025
မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ အစည်းအဝေးကို စက်တင်ဘာ ၃ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဖောင်းပြင်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် မိုးရာ သီဘောလုံးအားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အ.ထ.က (ဖောင်းပြင်) ကျောင်းရှိ ဘောလုံးအားကစားကွင်း၌ ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Sep 04,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ၃ရက် မွန်းလွဲ၃နာရီက မြို့မရပ်ကွက်ရှိ ဓမ္မာရုံ၌ပြုလုပ်ရာ မြို့မရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့မှ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်သည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လွိုင်ကော်တွင် ကျင်းပ
Sep 03,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့နံနက်က လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မိုးကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန့်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVN)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပျော်ဘွယ်မြို့နယ် ညောင်ရွှေအုပ်စုသို့ကွင်းဆင်း၍ မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းပွဲကျင်းပ
Sep 03,2025
ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးဆောင်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ် မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ၃ရက် ညနေ(၃)နာရီခွဲက ညောင်ရွှေအုပ်စု ညောင်နွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။