ရွှေပြည်သာမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း"၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရွှေပြည်သာ စက်တင်ဘာ

ကျောင်းသား/သူများ၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံ‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်ဦးက မှုခင်းအသိပညာပေး‌ဟောပြောကာ မြို့နယ်အားကစားမှူး ဦး‌ဇော်ဇော်လင်းက အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြော၍ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ကေသွယ်စိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်(၂၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းမှ မုဒိတာစကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌အေးအေးမိုးနှင့် အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမ‌ ဒေါ်‌အေးအေးမြိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်‌ ဆောင်ရွက်ပြီး အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ‌ ကျောင်းသား/ သူ(၆)ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်‌ဆေးဝါး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ယဥ်‌ကျေးမှု၊ လူငယ်နှင့် ပညာ‌ရေး၊ လူငယ်နှင့် ဆိုရှယ်မီဒီယာစသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများ ကသိရှိလိုသည့် မေးခွန်းများကို‌လည်း ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံခန်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)