ငါန်းဇွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 03,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ စက်တင်ဘာ ၃ ရက်နံနက် ၉ နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြီး ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ကြေးဖြန့်ခွဲရေးအဖွဲ့ဝင်များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။