သတင်းများ

တပ်ကုန်းမြို့၌ ခမရ(၁၀၉) ရှေ့တန်းပြန် တပ်မတော်သားများအား သောင်းသောင်းဖြဖြဆိုကြို
Sep 05,2025
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လည်ထွက်ခွာလာသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ခမရ (၁၀၉) ရှေ့တန်းပြန်တပ်မတော်သားများကို ယနေ့မွန်းလွဲပိုင်းက သောင်းသောင်းဖြဖြဆိုကြိုခဲ့သည်။
ချောင်းဆုံမြို့နယ် ရွာလွတ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ “လူငယ်စကားဝိုင်း” ကျင်းပ
Sep 05,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စက်တင် ဘာလ ၃ ရက်နေ့ မွန်းလွဲ(၁)နာရီက ရွာလွတ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပညာဂုဏ်ရောင်ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနေမှုအား ကြည့်ရှုအားပေး
Sep 05,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ လောကပါလဓမ္မာရုံတွင် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးသည်။
လိပ်သိုဒေသထွက် တောင်ပေါ်သခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
Sep 05,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် တောင်ယာခင်းများတွင်လည်း သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြ‌ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကရင်အမျိုးသားရပ်ကွက်၊ တစ်နေ့ဆယ်ပြားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာနှင့်ဖျောက်ဆိပ်ပင်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးမှု ဆောင်ရွက်
Sep 05,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်က ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ဖျောက်ဆိပ်ပင်ကျေးရွာနှင့်မင်နန်သူကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Sep 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့ကနံနက်ပိုင်းက (စ)ရပ်ကွက်၊ သုနန္နာ(၄)လမ်း၊ ရတနတ္တယျဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။