တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ထားဝယ် စက်တင်ဘာ ၅

အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး လုပ်ငန်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ လေယာဉ်ကွင်းလမ်းနံဘေးဝဲယာ၌ ဆောင်ရွက်ကြသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လှည့်လည်၍ ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လေယာဉ်ကွင်းလမ်း၊ နံဘေးဝဲယာ၌ သန့်ရှင်းသပ်ရပ်လှပစေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်နေသူများအား အအေးဘူးနှင့်မုန့်ပဲသရေစာများ ဝေငှပေးသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်း/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက လေယာဉ်ကွင်းလမ်း၊ နံဘေးဝဲယာ၌ အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များအား မြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့်သယ်ယူစွန့်ပစ်ပေးခြင်း ထွက်ရှိလာသောအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)