သတင်းများ

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၀)ဦး ထပ်မံတွေ့ရှိ
Jul 04,2021
တောင်တွင်းကြီးမြို့နယ် အုန်းတော(၁)ရပ်ကွက်၊ ရွှေအိုး(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ကသာကျေးရွာ၊ မထီစံပြကျေးရွာတို့မှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့် ထိစပ်သူ(၁၂၃)ဦးတို့အား ယမန်နေ့နံနက်(၁၀)နာရီအချိန်က RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၀)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၂၂)ဦး ထပ်မံတွေ့ရှိပြီး နှစ်ဦး သေဆုံး
Jul 04,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မောင်တောမြို့ နယ်သို့ပြောင်း ရွှေ့လာသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများ၊   ဖျားနာ ၊ချောင်းဆိုး၊ အသက်ရူကြပ်ပြီး မောင်တော ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား  ယမန်နေ့က Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများအနက် မှ (၂၂)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  
တိုက်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ရေစက်တောင်ကျေးရွာ၊ တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၆)တွင် ကျင်းပပြုလုပ်သည်။
၂၀၂၀-၂၀၂၁ ခု ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲကျင်းပ
Jul 04,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က  ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Jul 04,2021
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင် သွားလာခြင်းမရှိသည့်သူများကို ယမန်နေ့နံနက် ၈ နာရီအချိန်က စည်ပင်စျေးအတွင်းအပြင်နှင့်စျေးလမ်းဆုံ တို့တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ R T T Kit ဖြင့် စစ်ဆေး
Jul 04,2021
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နမ့်ဆန်မြို့နယ်တွင်  ကိုဗစ်-၁၉  ရောဂါကာကွယ်  ထိန်းချုပ်ရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက်  (၁၀) နာရီ အချိန်က  နမ့်ဆန်မြို့နယ်  မန်ခိုက်ရပ်ကွက်တွင်  သီးသန့်  Home Quaratine  ထားရှိထားသော  လောက်ကိုင်ပြန်  မိသားစုဝင် (၇) ဦး ၊  မူဆယ်ပြန် (၁) ဦးနှင့်  ငွန်ဆိုင်းကျေးရွာအုပ်စု  လွယ်ခမ်းကျေးရွာမှ  လားရှိုး ဆေးရုံဆင်းပြန်လာသော မိသားစုဝင် (၂) ဦး  စုစုပေါင်း (၁၀) ဦးတို့အား  မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ  ပူးပေါင်း၍  အသင်းခွဲယာဉ်ဖြင့် သွားရောက်စစ်ဆေးခဲ့ကြောင်း  သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လီဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 04,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လက်လီဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂) ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်၍ ခရေပင်စိုက်ပျိုး
Jul 03,2021
မကွေးတိုင်းဒေသကြီး ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မကွေးမြို့ မကျီးကန် အခြေခံပညာ အထက်တန်း ကျောင်းခွဲ ကျောင်းဝန်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ ခရေပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြသည်။