သတင်းများ

ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Jul 04,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးနှင့်ပျံကျဈေးတို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ယနေ့ နံနက်(၇)နာရီခန့်က ကာလိမြို့ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတို့က ပူးပေါင်း၍  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး MASK CAMPAIGN ဆောင်ရွက်
Jul 04,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာတွေ့ရှိပြီးဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ် မနေ တပ်ဆင်ရေးအတွက် MASK CAMPAIGN ဆောင်ရွက်ခြင်းကို    ယနေ့နံနက်ပိုင်းက လူစည်ကား ရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကံပြားစစ်ဆေးရေးဂိတ် ထပ်မံတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်
Jul 04,2021
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါပိုး Third Wave အဖြစ် ကူးစက်မှုများရှိနေပြီး၊ ကူးစက်မှုမှာ မြန်မြန်ဆန်ဆန် ကူးစက်ပြန့်ပွားလာပြီး ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ်ပိုမိုတိုးပွားလာသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဝင်ရောက်မှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်ကို ကံပြားကျေးရွာအုပ်စု၊ ကံပြားကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ထပ်မံတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ များပြားလာမှုနှင့် သေဆုံးမှုတို့ကြောင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား လိုက်နာကြရန်သတိပေးနှိုးဆော်
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများပြားလာမှုနှင့် ပိုးတွေ့ ရှိသူတစ်ဦးသေဆုံးမှုတို့ကြောင့်  ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရန်    ပြည်သူများ  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရေး မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ယမန်နေ့က လိုက်လံနှိုးဆော်ကြေညာ ပေးလျက်ရှိကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိသူ(၂၆)ဦးအထိ မြင့်တက်လာ
Jul 04,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ဇွန်လ ၂၆ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိသူလူနာ တစ်ဦးစတင်တွေ့ရှိခဲ့ရာမှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၂၆ ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
နမ္မတူမြို့နယ်တွင် မူဆယ်မြို့မှပြန်လာသူ အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိ
Jul 04,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ နံနက်(၁၁)နာရီခွဲ အချိန်ခန့်က မူဆယ်မြို့မှ ပြန်လာသူ အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိရကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရှိရသည်။
ကျောက်ပန်းတောင်းမြို့တွင် အနံ့ပျောက်သဖြင့် ဆေးရုံသို့လာရောက်စစ်ဆေးသူ(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်အနံ့မရသဖြင့် ဆေးရုံသို့ လာရောက်ပြသသူ(၂)ဦးအား ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ
Jul 04,2021
မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်လိုစိတ်များ ရှိကြပေသည်။