သတင်းများ

မြို့သစ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင ်မြို့သစ်မြို့နယ် သစ်တောသစ်ပင် စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုများ ကောင်းမွန်လာစေရန် ရည်ရွယ်၍ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနမှ   ကြီးမှူးကာ      မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့သစ်မြို့နယ် အောင်ချမ်းသာကျေးရွာ အခြေခံပညာမူလတန်း​လွန် ကျောင်းဝန်းတွင်  ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက် 
Jul 05,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ (ယာယီ) ပျံကျဈေးအတွင်း ယနေ့နံနက် ၆ နာရီခွဲတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၂၉ ဦးအထိ ရှိပြီး ၎င်းတို့နှင့် ထိတွေ့သူများအား ကိုဗစ်၁၉စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ်ထားရှိ
Jul 05,2021
မိတ္ထီလာတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၂၉ ဦးအထိ ရှိပြီး ၎င်းတို့နှင့် ထိတွေ့သူများအား ကိုဗစ်၁၉စည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ်ထားရှိ
ပင်လည်ဘူးမြို့၌ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ယနေ့ နံနက် ၇ နာရီ အချိန်မှ စတင်၍ ပင်လည်ဘူးမြို့၏ လူစည်ကားနေရာဖြစ်သည့် စည်ပင်သာယာစျေးရှေ့ လမ်းမကြီး ပေါ်နှင့် စျေးအတွင်း၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက်  Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 
ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ 
Jul 05,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။ 
ဝါးကြီးအိုင့်ကျေးရွာရေကျော်လမ်းလုပ်ငန်း ပြီးစီးမှုများအား သွားရောက် စစ်ဆေးခြင်း ဆောင်ရွက် 
Jul 05,2021
မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ မြို့သစ်မြို့နယ်ဝါးကြီးအိုင့်ကျေးရွာနှင့်    လေးတိုင်စင်သို့ ဆက်သွယ်ထားသောလမ်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို
၂၀၂၁ ခုနှစ်မိုးရာသီ အမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
၂၀၂၁ ခုနှစ် မိုးရာသီတွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန် လာစေရေး တို့ကို အထောက်အကူပြုရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုအား လျှော့ချနိုင်ရန်၊ ကျေးလက် ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ ပြုစုထိန်းသိမ်း ရေးနှင့်စနစ်တကျ ထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိအ​မြင်များ တိုးပွားလာစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဌက်ပျောစမ်းကျေးရွာကျေးရွာ အုပ်စု၊ ရွာသစ်ကြီးကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ စာသင်ကျောင်းဝင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ  ရောင်းချရန် အသိပေးကြေညာ 
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက်   မြို့သစ်မြို့နယ်   စည်ပင်သာယာရေးနယ်နိမိတ်အတွင်း   ရောင်းချလျက်ရှိသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအားယနေ့ နံနက်ပိုင်းမှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးကြေညာထားကြောင်း  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။