မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

​မြောက်ဥက္ကလာပ ဇူလိုင် ၅

ကိုဗစ်-၁၉ ကူးစက်ရောဂါ  ​​​ပြန်လည်မြင့်မားလာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ​မြောက်ဥက္ကလာပ မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်၊၊

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွေးက ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများကို ဝေဘာဂီရပ်ကွက်ရှိ စက်မှုလက်မှုကျောင်း Quarantine centre တွင် ထားရှိပြီး အများစုမှာ Positive ထွက်ရှိသူများဖြစ်ကြောင်း၊ အဆိုပါ ကျောင်းကို ပိုးသတ်ဆေးဖျန်း၍ နှစ်ပတ်ခန့် ပိတ်ထားမည့်အချိန်တွင် မယ်လမုသုံးထပ်ဓမ္မာရုံ Quarantine Centre ၌ ထားရှိသွားမည်ဖြစ်ကြောင်း၊ Volunteer များအား ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများရှိရာ နေအိမ်များသို့ သွားရောက် ခေါ်ယူမည့် Volunteer များနှင့် positive ထွက်ရှိသူ လူနာများအား သက်ဆိုင်ရာ ကိုဗစ်ကုသရေးစင်တာများသို့ ပို့ဆောင်မည့် Volunteer များ ဟူ၍ အဖွဲ့(၂) ဖွဲ့ခွဲ၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားလုံးကို ဆိုင်ထိုင်စား​သောက်​စေခြင်းအစား (Takeaway System) ပါဆယ်စနစ်ဖြင့်သာ ထုပ်ပိုးရောင်းချရန် အသိ​ပေးနှိုး​ဆော် ခြင်းကို မြို့နယ်စည်ပင်မှ ပြည်သူများသိရှိစေရန်  နှိုး​ဆော်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် ဆရာ/ဆရာမများမှ ကြီးကြပ်ရန် လိုအပ် ကြောင်းနှင့် ထူးခြားချက်ရှိပါက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တင်ပြရန် စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားခဲ့​ပြီး တက်ရောက် လာသူ ကော်မတီဝင်များမှ အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်​ရောဂါ ကူးစက်ပြန့်ပွား​နေမှုအ​ခြေအ​နေမှာ လက်ရှိအ​ခြေအ​နေအရ ရောဂါပိုးရှိသူ(၈၈)ဦး၊ သေဆုံးသူ(၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၂၀)ဦးရှိ​ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြမြဝင်း