သတင်းများ

တံတားဦးမြို့နယ် ဆေးခင်းကြီး ကြိုးပြင်ကာကွယ်တောတွင် ကျေးရွာထင်းလောင်စာ ရရှိရေးအတွက် ထင်းစိုက်ခင်းတွင်သစ်ပင်များစိုက်ပျိုး
Jul 05,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တံတားဦး မြို့နယ် သက္ကယ်ကျင်းကျေးရွာရှိ ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောတွင် ကျေးရွာသုံး စိုက်ခင်း၌ ကျေးရွာထင်းလောင်စာရရှိရေးအတွက် ထင်းစိုက်ခင်းတွင် သစ်ပင်များစိုက်ပျိုး ပြီးစီးကြောင်း သိရသည် ။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၄၁)ဦးတွင် တစ်ဦးသေဆုံး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် တက်ရောက်ကုသနေသော အသက်(၈၂)နှစ်ရှိ အမျိုးသားတစ်ဦးသည် ဇူလိုင်လ ၄ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်က သေဆုံးသွားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စားသောက်ဆိုင်များနှင့် ဈေးများအတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Jul 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဈေးများနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ပုသိမ်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဆင်းပွဲကျင်းပ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့သည်။
နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၂၇) ဦးထိမြင့်တက်လာ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့မှစ၍ ကိုဗစ်- ၁၉ အတည်ပြု လူနာနှစ်ဦး စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးအထိ မြင့်တက်လာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကသာမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ဝန်ထမ်းများအား ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များကို ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။