ထန်းတပင် (ပဲခူး) ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင်ရောင်းချမှုများ တွေ့ရှိတိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ( ၁၅ )ဦး ထိရှိပြီး ရောဂါဆက်လက် မပြန့်ပွားစေရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မှာကြားခဲ့ကြောင်း သိရသည်။