သတင်းများ

ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ လှူဒါန်းပြီး မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၇) ရက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာအစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆောမြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံ စစ်ဆေး
Jul 07,2021
မကွေးတိုင်းဒေသကြီး ဆောမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေး အတွက် ပါဆယ်စနစ်(Take away)ဖြင့် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့သည်။
ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေပေးအပ်ပွဲ ကျင်းပ
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကာကွယ်ရေးလုပ်ငန်း များတွင် အသုံးပြုရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက်ပိုင်း က ကြံခင်းမြို့ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခမောက်ကြီးမြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် ချယ်ရီပင်များစိုက်ပျိုး
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ မြို့စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် ချယ်ရီပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 07,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉နာရီက စတင်၍ ပညာရေး ဝန်ထမ်းများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး
Jul 07,2021
လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၇ ရက် ၊ နံနက် ၉ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး ၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်အတွင်းရှိအောင်မြေသာစံမြို့နယ်အားကျန်းမာရေးနှင့်အားကစားဝန်ကြီးာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရာပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်၈နာရီက၁၉လမ်း၊ ၅၇လမ်းနှင့်၅၈လမ်းကြားတွင် စစ်ဆေးခြင်းများဆောင်ရွက်ကြသည်။
ဟိုပင်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Jul 07,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယနေ့နံနက် ၁နာရီခွဲကျော်က ဟိုပင်မြို့ မြဇေယျာရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။