သတင်းများ

တနိုင်းမြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 07,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ဆိုင်များ နှင့် လက်ဖက်ရည်ဆိုင် များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲမှ စတင်၍ စစ်‌ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများပေး အပ်ပွဲအခမ်းအနား ကျင်းပ
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်‌၊ တနင်္သာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေး
Jul 07,2021
နည်းပညာနှင့် အတတ်ပညာ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ် ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာတွင် ဇူလိုင်လ ၁ရက်နေ့မှ စတင်ပြီး အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးက သိရသည်။
မိုးနဲမြို့ မြို့မဈေးရှေ့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများကို ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာနိုင်ရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်က မိုးနဲမြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်မြေနုကျေးရွာ၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Jul 07,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က မြို့သစ်ကလေးကျေးရွာအုပ်စု၊ မြေနုကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
မြိတ်မြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေး
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့ ဇမိရတနာမြို့မဈေးအား ဆေးပစ္စည်းနှင့် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြု
Jul 07,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီးဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း ကာကွယ်ခြင်း ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်မြို့တွင် စပါးမျိုးသန့်စင်စက်နှင့် ဝါမျိုးသန့်ကြိတ်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လယ်ယာကဏ္ဍ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် တောင်သူလယ်သမားများ အဓိကလိုအပ်သော မျိုးကောင်း၊မျိုးသန့်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့် မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးမျိုးသန့်စင်စက်နှင့်ဝါမျိုးသန့်ကြိတ်စက် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။