သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းကော်မ တီဝင်များ တွေ့ဆုံညှိနှိုင်း
Jul 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မြင့်တက်လာသည့် အတွက် ပြည်သူများ ရောဂါကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ခေတ္တယာယီပိတ်ထားမည်
Jul 07,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီးဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း ကာကွယ်ခြင်း ကုသခြင်းလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ မြို့နယ်ပညာရေးဦးစီးဌာနနှနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ နဒီမြန်မာဟိုတယ်အား Test & Care Center အဖြစ် ကိုဗစ်-၁၉ သံသယလူနာများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးပေး
Jul 07,2021
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၇×၃၈လမ်းကြားရှိ နဒီမြန်မာဟိုတယ်အား Test & Care Center အဖြစ်ထားရှိကာ ကိုဗစ်-၁၉ သံသယလူနာများအား ယမန် နေ့မှစတင်ကာ စစ်ဆေးဆောင်ရွက်ပေးလျှက်ရှိပြီး အဆိုပါ နေ့၌ပင် သံသယလူနာ (၁၁၀)ဦးအား စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ၂ ဦး စစ်ဆေးတွေ့ရှိ
Jul 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉) နာရီအချိန် က အမျိုးသား ၂ ဦးအား RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့အဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ကန့်သတ်ချက်စတင် အကောင်အထည်ဖော်ဆောင်ရွက်
Jul 07,2021
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း စေရေး အတွက် မြို့အဝင်ကန့်သတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jul 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာ ရေးMask Campaign ကို ယနေ့ နံနက်ပိုင်းက အမှတ်( ၁၅) ရပ်ကွက်ရှိ  ဘောက်ထော်စျေးအတွင်း နှာခေါင်းစည်း Mask များပေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ ဈေးဆိုင်များအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန် ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်း မှန်ကန်မှုရှိစေရေး အသိပညာပေး စိစစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ဈေးဆိုင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်-ပြည်လမ်းဆေးရုံလမ်းဆုံနှင့် စျေးလမ်းဆုံများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။