သတင်းများ

ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ညှိနှိုင်းဆွေးနွေး
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ ပုံမှန်ဖွင့်လှစ်ရောင်းချနေသည့် မြို့မစျေးအတွင်း စားသောက်ကုန်နှင့် ဆေးဝါးဆိုင်းခန်းများသာ ဖွင့်လှစ်ရောင်းချခွင့်ပြု
Jul 07,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ စည်ပင်သာယာရေးဌာန လက်အောက်ရှိ ပုံမှန်ဖွင့်လှစ်ရောင်းနေသည့် မြို့မစျေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အဝတ်အထည်ဆိုင်ခန်းများ၊ အသုံးအဆောင်ပစ္စည်း ဆိုင်ခန်းများနှင့် ကျန်ရှိသည့် ဆိုင်ခန်းများအား ဖွင့်လှစ်ရောင်းချခြင်း မပြုတော့ဘဲ စားသောက်ကုန်နှင့်ဆေးဝါးဆိုင်းခန်းများသာ ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အား ယမန်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း သွားလာနေသော ဒေသခံပြည်သူများ၊ ယာဉ် / လူပုဂ္ဂိုလ်များ ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့် ကဒ်ပြားများ ယူဆောင်လာခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေး
Jul 07,2021
ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့နံနက် (၇) နာရီ မှ စတင်ပြီး မြို့နယ်အတွင်း သွားလာနေသော ဒေသခံပြည်သူများ၊ ခရီးသွားယာဉ်များနှင် လူပုဂ္ဂိုလ်များကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့်ကဒ်ပြားများ ယူဆောင်လာရခြင်း ရှိမရှိ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ Covid (19) ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် စာသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာနိုးဆော်ခြင်းလုပ်ငန်းကို (၇.၇.၂၀၂၁)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာန ဆိုင်ရာများ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများ လက်တလောဖြစ်ပေါ်လျှက်ရှိသည့် ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှုမဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီ က ဗထူးခန်းမရှေ့ရှိ ပြည်ထောင်စုလမ်းမ ကြီးပေါ်တွင် Mask Campaign နှင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား စစ်ဆေးနိုင်ရန် Volunteer များအား သင်တန်းပို့ချ
Jul 07,2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၇×၃၈လမ်းကြား မဟာမြိုင် (၂)ရပ်ကွက်ရှိ နဒီမြန်မာဟိုတယ်ကို Test & Care Center အဖြစ် ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ကိုဗစ် -၁၉ ရောဂါ သံသယလူနာများအား Swab စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီက Volunteer များ အား သင်တန်းပို့ချခဲ့ကြောင်း သိရသည်။