ခမောက်ကြီးမြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် ချယ်ရီပင်များစိုက်ပျိုး

ခမောက်ကြီး ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ မြို့စိမ်းလန်းစိုပြေသာယာလှပစေရေး အတွက်    ချယ်ရီပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ မြို့စိမ်းလန်းစိုပြေသာယာလှပစေရေး မျှော်ရည်မှန်း၍ ပြည်ထောင်စု လမ်းမကြီးဘေး၌ ချယ်ရီပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ချယ်ရီပင်များအပြင် သစ်ပင်ပန်းမန်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သတင်းရရှိသည်။

ရူပါမြင့်