ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရန်ကုန် ဇူလိုင် ၇

လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၇ ရက် ၊ နံနက် ၉ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး ၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင် များ ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်း                 ၊ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြား ရေးမှူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက လတ်တလော ဖြစ်ပွားနေ ဆဲဖြစ်သည့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိ ရောက်ရောက် ဆက်လက်ဆောင်ရွက်သွားရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် အထူးအလေးထား ထည့်သွင်းထားရှိပြီး ဆောင်ရွက်လျက်ရှိကြောင်း ၊ လတ်တလောတွင်ရောဂါ
ကူးစက်မှုနှုန်းမြှင့်မားလာသည့်အတွက် ပြည်သူလူထုအတွင်း ကူးစက်မှုနှုန်း ထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါ စစ်ဆေးပေးနိုင်မည့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ဆေးရုံ ၊ ဆေးခန်း ၊ စင်တာလိပ်စာ တည်နေရာ နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မိဘပြည်သူများသို့ အသိပေးရေး ၊ ရုံးပိတ်ရက်
များနှင့် ညအချိန်များတွင်လည်း ဆေးရုံများတွင် အထူးတာဝန်ချထားမည့် အစီအစဥ်များနှင့် လူထုကြား တွင်ဖြစ်ပေါ်နေသော အခက်အခဲများ ဖြေရှင်းပေးရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြရန် ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  သီတာလှနှင့် ကျန်းမာရေးဦးစီးဌာန ၊ ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်းတို့က တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏အနီး တပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ကိုဗစ် လူနာများကို လက်ခံကုသပေးနိုင်ရန် ပြည်သူ့ဆေးရုံများနှင့် စင်တာများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများကို တာဝန်ချထားပေးမှု အခြေအနေများ ၊ အောက်ဆီဂျင်လိုအပ်မှုများ ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌများ က စင်တာများဖွင့်လှစ်၍ ရောဂါပိုးတွေ့လူနာများကို ကုသစောင့်ရှောက်ထားရှိမှု အခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဇော်ဝင်းနှင့်ကောင်စီအဖွဲ့ဝင်များ၊ တက်ရောက်လာသူများက ကုသရေးအပိုင်းများ ၊လိုအပ်သောဆေးပညာရှင်များ ၊Volunteer စုဆောင်း ထားရှိမှုများ ၊ ဆေးရုံများနှင့် ကိုဗစ်စင်တာအခြေ အနေများကို ဝိုင်းဝန်း အကြံပြုဆွေးနွေးကြ သည်။

ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးလှစိုးက တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများကို ဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေးအတွက်အများပြည်သူနှင့်သက်ဆိုင်သော စျေး ၊ဘတ်စ်ကား၊ လူစည်ကားရာနေရာများတွင် သတ်မှတ်ထားသည့် စည်းကမ်းများ စနစ်တကျ လိုက်နာစေ ရေး ၊ရောဂါဖြစ်ပွားသည့် ကျေးရွာအလိုက် Stay at Home ဒေသသတ်
မှတ်ရေးတင်ပြရန်နှင့် ရောဂါဖြစ်ပွားမှု သံသယဖြစ်နေသူများ ၊ ဆေးစစ်နိင်ရေး ၊ ပိုးတွေ့လူနာများ ကုသရေး ၊ ဆက်စပ်ထိတွေ့သူများကို ကန့်သတ်ထားရှိရေး ၊ လိုအပ်သည့်အိပ်ယာ ၊
ခြင်ထောင်များ ၊ တကိုယ်ရေသုံးပစ္စည်းများ ၊ အစားအသောက်ကျွေးမွေးရေးနှင့် အောက်ဆီဂျင်ရရှိရေးတို့
ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် လိုအပ်သည့်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး