သတင်းများ

မလှိုင်မြို့လူစည်ကားရာ နေရာများတွင်  Mask Campain ဆောင်ရွက်
Jul 04,2021
 မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်  အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာတင်ဇော်ဝင်း၊ ဦးဇေယျာအောင်၊ အတွင်းရေးမှူး ယာယီရဲမှူး ထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း(၈၇) ဦးတို့က ယနေ့နံနက်၇နာရီအချိန်တွင် မလှိုင်မြို့ လူစည်ကားရာ နေရာများတွင်  Mask Campain ပြုလုပ်ခဲ့ကြောင်းသိရသည် ။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောင်မြင်သာစံပြကျေးရွာ အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင်ဆောက်လုပ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး
Jul 04,2021
ကချင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး (၁)ဦးထပ်မံတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနံ့မရသဖြင့် ယနေ့ နံနက် ၉နာရီခွဲက ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသပြီး ထိတွေ့ဆက်စပ် သူတစ်ဦးကိုပါ (RDT)ဖြင့် ဆေးစစ်မှုခံယူရာ အနံ့မရသူ အမျိုးသမီးတစ်ဦးတွင်သာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုလုပ်
Jul 04,2021
ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်အတွင်းရှိ နန်ကသူဆည်‌ ရေလှောင်တမံ၌ ယနေ့ နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတစ်ဦး ထပ်မံ‌တွေ့ရှိ
Jul 04,2021
ပဲခူးတိုင်း​ဒေသ​ကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အုပ်ပုံကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမန်နေ့က ဖျားပြီးအနံ့မရရှိသဖြင့် မြို့နယ်ဆေးရုံသို့ အကြောင်းကြားပြီး သွား‌ရောက်ပြသခဲ့ရာ မြို့နယ်အားကစားခန်းမရှိ Quarantine Centre တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (နှာခေါင်းတို့ပတ်)(RDT)ဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် အနောက်အင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့တွင် ကိုဗစ်−၁၉ အတည်ပြုလူနာ (၂)ဦး ထပ်မံတွေ့ရှိ
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းတွင် ကိုဗစ်−၁၉ ပိုးတွေ့လူနာ (၂)ဦးတွေ့ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။