သတင်းများ

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်း ကိုဗစ်−၁၉ ပိုးတွေ့လူနာ (၁၄)ဦး တွေ့ရှိကြောင်း မြို့ကိုဗစ်ကော်မတီ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများတိုက်ကျွေး
Jul 05,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ရှမ်းရွာသစ်မြို့ပေါ်ရပ် ကွက်များရှိ အသက်(၆)လမှအသက်(၅)နှစ်ထိ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့က ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်
Jul 05,2021
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင်လည်း စတင်ကူးစက်ပျံ့နှံ့လာသည့်အတွက် ရွှေမှော်ဝန်းသာသနာ့ဗိမာန်အား ကိုဗစ်-၁၉ ယာယီဆေးကုသရေး စင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲ ၂နာရီခွဲ က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Postive လူနာ (၃)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit စစ်ဆေး၍ ပိုးတွေ့လူနာ(၃)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ မိုးရာသီကာလ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ စုပေါင်း၍ သစ်ပင်စိုက်ပွဲပျိုးပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ ပါသည်။