Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူလူထု အလေးထားလိုက်နာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေး သားများနှင့် ဈေးဝယ်လာပြည်သူများကို ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူစစ်ဆေးရာ (၁၆)ဦးရောဂါပိုးတွေ့ရှိ
Jul 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့ သူများကို Swab ယူ စစ်ဆေး ရာ (၁၆)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကညင်တစ်ကိုင်းကျေးရွာ ကွန်ကရစ် လမ်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကညင်တစ်ကိုင်းကျေးရွာ ကွန်ကရစ် လမ်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာန နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဇူလိုင် ၃ ရက် နံနက် ၈ နာရီက ရွှေဘိုမြို့ အမှတ်(၉) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၀င်း တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 05,2021
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန်လည်မြင့်မားလာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
ရေဖြူ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ မိုးရာသီ ကာလ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက ရေဖြူမြို့၊ (က)ရပ်ကွက် ဘုရား နှစ်ဆူတောင်ခြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28009
Page
28010
Page
28011
Page
28012
Current page
28013
Page
28014
Page
28015
Page
28016
Page
28017
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department