ရွှေဘိုမြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရွှေဘို ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့နယ် သစ်တောဦးစီးဌာန နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဇူလိုင် ၃ ရက် နံနက် ၈ နာရီက ရွှေဘိုမြို့ အမှတ်(၉) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၀င်း တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သစ်ပင်ပျိုးပင်များ စိုက်ပျိုးရခြင်းနှင့် ပတ်သက်ပြီး ရွှေဘိုခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းကောင်းက ရှင်းလင်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိ သူများက စိုက်ပျိုးမည့် ပျိုးပင်များကို တက်ရောက်လာကြသူများထံ ပေးအပ်ခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရာသို့ ရွှေဘိုတပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင်၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးဦး၊ ရွှေဘိုခရိုင ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရဲမှူးဒုတိယရဲမှူးကြီး စွမ်းဇာနည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ သစ်ပင်ချစ်မြတ်နိုး သူများ အပါအ၀င် လူဦးရေ ၁၆၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး ကဗွီ၊ တမာ၊ ကုက္ကို၊ မယ်ဇလီ၊ စိန်ပန်းကြီး၊ စိန်ပန်းလေး၊ ရေတမာ၊ မယ်ဇယ်၊ ခရေ၊ ဗန်ဒါနှင့် စွယ်တော် ပျိုးပင်ပေါင်း (၄၂၀ ) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြကြောင်း သိရသည်။