မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်

အထက်မင်းလှ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်သူများ အပြင်သွားလာရာတွင် ပါးစပ်နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မင်းလှမြို့အဝင် တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပါးစပ်နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း‌အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ ပူးပေါင်းအဖွဲ့က အပြင်သွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များအတိုင်း စနစ်တကျနေထိုင်သွားလာကြရန်၊ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာ နေထိုင်သွားကြရန်၊ လက်ကို စနစ်တကျဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါပိုးသံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုခံယူကြရန်စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရန် အချက်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်း မပါသော ဒေသခံပြည် သူများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)များဖြန့်ဝေ ပေးခဲ့သည်။

မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ဒေသခံပြည်သူများအားကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရေး အတွက် Mask Campaign ပြုလုပ်ခြင်းကို အများပြည်သွားလာသည့်မြို့အဝင်၊ မြို့အထွက် လမ်းဆုံနေရာများနှင့်မြို့နယ်စည်ပင်သာယာဈေးတို့၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးလျက်ရှိပြီး၊ ရပ်ကွက်/ကျေးရွာများတွင်လည်း အသံချဲ့စက်ဖြင့် လှည်လည်အသိပညာပေးနှိုး ဆော်လျက်ရှိ ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)