ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့်  ကညင်တစ်ကိုင်းကျေးရွာ ကွန်ကရစ် လမ်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လက်ပံတန်း ဇူလိုင် ၅

အဆိုပါ ကွန်ကရစ်လမ်းဆောင်ရွက်မှုကို  (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၇.၂) ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၀.၅) ကျပ်သန်းဖြင့် ကွန်ကရစ်လမ်း အလျား ၅၀၀ပေ၊ အနံ၁၀ပေ နှင့် ထု၈ လက်မ ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေပြီး ကျေးလက်ဒေသနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာ ရောက်ရှိစေနိုင်မည်ဖြစ် ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး